|
| Chithini (2024) |
Chithini (2024) "ကိုယ်ဝန်ဆောင်တစ္ဆေ ချီသီနီ"
IMDb - 5.1/10
ရှပ်ရှင်ရိုက်ကူးရေးတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်တယောက် ကြိုး-ဆွဲချ-ေသတဲ့အခန်းကို ဒေသခံလည်းဖြစ် ကိုယ်ဝန်ဆောင်လည်းဖြစ်တဲ့ ချီသီနီတယောက် ဝင်သရုပ်ဆောင်ဖို့လုပ်ပါတယ်။
ဒါပေမဲ့ ချီသီနီ အသ-တ်ခံလိုက်ရပါတယ်။
-ေသဆုံးသွားပြီးတဲ့နောက် တောထဲမှာ ချီသီနီရဲ့ ခြောက်လှန့်မှုတွေကို လူတွေအများကြီး ကြုံတွေ့ဖူးကြတယ်လို့ ဆိုကြပါတယ်။
အဲဒီကိစ္စဖြစ်သွားခဲ့တာ ၂၃နှစ်ကြာပြီးတဲ့အချိန်။ တောပတ်လည်ဝိုင်းနေတဲ့ အဲဒီဒေသကိုပဲ ထူးခြားဆန်းပြားတဲ့ ကိစ္စတွေကို စီစဉ်တင်ဆက်တဲ့ နီရှာက အဖေဖြစ်သူ နေထိုင်ရာဒေသလည်းဖြစ်တာမို့ သူ့အစီအစဉ်အတွက် ရွေးချယ်လိုက်ပါတယ်။
နောက်ထပ်ရောက်လာတာကတော့ စခန်းမှူးအသစ် အယ်လန်။
သူတို့ရောက်တဲ့နေ့မှာပဲ ကိုယ်ဝန်ဆောင်သည်တယောက် သစ်ပင်မှာ ကြိုးဆွဲချ-ေသဆုံးနေတာကို
တွေ့ပြီး ကိုယ်ဝန်ဆောင်တစ္ဆေ ချီသီနီ ပြန်သောင်းကျန်းနေပြီဆိုတဲ့ ကောလာဟလနဲ့အတူ
ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အခါမှာတော့...။
