|
| Apollo 13 (1995) |
ဒီကားဟာ မင်းသားကြီး Tom Hank ပါဝင်ထားပြီး ၁၉၉၅ ခုနှစ်က ထွက်ခဲ့တဲ့ နာမည်ကြီး ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အပိုလို-၁၃ အာကာသယာဉ် ခရီးစဉ်ကို ရိုက်ကူးထားတာပါ။ စွန့်စားခန်းတွေ၊ အက်ရှင်တွေ အများကြီးပါတဲ့ကားမျိုး မဟုတ်ပါဘူး။ ကြည့်နေစဉ်တစ်လျှောက် ရင်ခုန်စိတ်လှုပ်ရှားနေရမှာပါ။ အာကာသထဲမှာ မမျှော်လင့်ဘဲ အသက်အန္တရာယ်ကြုံလာတဲ့အခါ အာကာသယာဉ်မှူးတွေနဲ့ ကမ္ဘာပေါ်က ကွပ်ကဲရေးစခန်းကလူတွေ ဘယ်လိုပေါင်းစည်းပြီး အသက်ရှင်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာကို ပုံဖော်ပြထားပါတယ်။ ပြဿနာတစ်ခုနဲ့ ကြုံလာတဲံအခါ လူသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ဇွဲလုံ့လနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာကို ပြသပေးထားပါတယ်။ IMBD - 7.7 နဲ့ Tomato - 94% ရထားတဲ့ကားမလို့ ပြန်လည် ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။
