ကြည့်မရပါက VPN ဖွင့်ပါ 📲 ဖုန်းဆော့ဝဲ ရယူရန် - App

Azimuth (2017)

Azimuth (2017) | Channel Myanmar Movies | မြန်မာစာတန်းထိုး ရုပ်ရှင်များ အခမဲ့ဒေါင်းကြည့်နိုင်ပါသည်။
Please wait 0 seconds...
Scroll Down and click on Go to Link for destination
Congrats! Link is Generated
Azimuth (2017)
Azimuth (2017)

IMDb Rating (6.2)
ဒီဇာတ်ကားဟာ ၁၉၆၇မှာ ဖြစ်ပွားခဲ့တဲ့ ခြောက်ရက်တာစစ်ပွဲလို့ အသိများတဲ့ အစ္စရေးနဲ့ အာရပ်နိုင်ငံများ (အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား) တို့ရဲ့ စစ်ပွဲကို နောက်ခံပြုရိုက်ကူးထားတာ ဖြစ်ပါတယ်။ အစ္စရေးနှင့် အီဂျစ်တို့ရဲ့ ၁၉၅၆ ဒုတိယမြောက်စစ်ပွဲအပြီးမှာ ကုလသမ္မဂမှ ငြိမ်းခြမ်းရေးထိန်းသိမ်းဖို့ အထူးတပ်ဖွဲ့ UNEFကို နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ဆီနိုင်းနဲ့ ဂါဇာတစ်လျှောက်မှာ ချထားခဲ့ပါတယ်။ အီဂျစ်မှ တီရန်ရေလက်ကြားအားပိတ်လိုက်တဲ့အတွက်ကြောင့် အစ္စရေးအနေဖြင့် သယ်ယူပို့ဆောင်ရေးကိုခက်ခဲခဲ့သည်။ ထိုပြင်အီဂျစ်သည် UNEFတပ်ဖွဲ့များကို ရုတ်သိမ်းစေခဲ့ပြီး နယ်စပ်တစ်လျှောက်မှာ အီဂျစ်စစ်တပ်ကို ခုခံစစ်သဘောမျိုးပြင်ဆင်လာပါတော့တယ်။ ဒီလိုနဲ့ အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ တတိယမြောက်စစ်ပွဲ စဖြစ်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ စစ်ပြေငြိမ်းရေးသဘောတူညီမှုအပြီး နောက်တစ်ရက်မှာ အစ္စရေးမှတပ်ကြပ်ကြီးတစ်ဦးနှင့် အီဂျစ်စစ်သားတို့ ဆီနိုင်းသဲကန္တာရထဲက UNEFစွန့်ပစ်ခဲ့တဲ့အဆောက်အဦးတစ်ခုထဲမှာ တွေ့ဆုံခဲ့ပါတယ်။ စစ်ပြေငြိမ်းပြီဖြစ်ပေမယ့် သူတို့နှစ်ဦးသားကတော့ ထိုအဆောက်အဦးထဲမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားရင်း ပိတ်မိနေပါတော့တယ်။ စစ်ပွဲအခြေအနေကို မသိရသေးဘဲ တစ်ဦးတည်းရှင်ကျန်နေခဲ့တဲ့ အဆောက်အဦးအပေါ်ထပ်က အီဂျစ်စစ်သားနဲ့ လက်နက်သယ်ဆောင်လာတဲ့ကား ပျက်လို့ ဌာနချုပ်ကို တစ်ဦးတည်း အကူအညီလာတောင်းတဲ့ အဆောက်အဦးအောက်ထပ်က အစ္စရေးတပ်ကြပ်ကြီးတို့ရဲ့ တိုက်ပွဲဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ နှစ်ဦးစလုံးဟာ တိုင်းပြည်အတွက် တာဝန်ကိုထမ်းဆောင်ရင်း ကိုယ်စီ မိသားစုကိုယ်ပိုင်ဘဝတွေလည်းရှိကြသူတွေမို့ တာဝန်နဲ့ ကိုယ်ပိုင်မိသားစုဘဝတို့ လွန်ဆွဲလာပါတော့တယ်။ နှစ်နိုင်ငံစစ်ပြေငြိမ်းထားတဲ့ကြားထဲကနေ သဘောတူညီမှုမယူနိုင်သည့်သူတို့နှစ်ဦးဟာ ဒီအဆောက်အဦးထဲကနေ ဘယ်သူက အသက်ရှင်ကျန်ပြီး ထွက်သွားနိုင်မလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။ စစ်ပွဲဆိုတာ မိသားစုတိုင်းရဲ့ဘဝတွေကို ဖျက်ဆီးတတ်ပါလားဆိုတာကို မီးမောင်းထိုးပြထားတဲ့ Action War Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။ VPN ဒေါင်းရန်

No Server Name File Size Resolution
1 Yoteshin 3 GB 1080
2 Megaup 3 GB 1080
3 Gdtot 3 GB 1080
4 Usersdrive 3 GB 1080
5 Yoteshin 2 GB 720
6 Gdtot 2 GB 720
7 Usersdrive 2 GB 720
8 Streamsb 2 GB 720

Post a Comment

provided by DK technozone
ကွတ်ကီးသဘောတူညီချက်
ဝက်ဆိုဒ်လျင်မြန်စွာနဲ့ ကောင်းမှုစွာအလုပ်လုပ်မှုကိုသိရှိစေရန်၊ သင့်လုံခြုံရေးအတွက် အပြည့်အဝတာဝန်ယူမှုရှိစေရန် ကွတ်ကီးများကို ဝန်ဆောင်ပေးပါသည်။
ပိုမိုသိရှိရန်
ဟာ...သွားပါပြီကွာ!
အင်တာနတ်ကြီးကျသွားပြီကွာ၊ မင်းတို့ကမဟုတ်တော့ဘူး၊ တကယ်ကဒီလိုပါ " လိုင်းကျနေတယ် လူကြီးမင်း"