|
| Bandage (2010) |
ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Bandage ဇာတ်ကားပဲဖြစ်ပါတယ်။
နာကျင်သက်သာစေဖို့ သုံးတဲ့ Bandage- ပတ်တီးဆိုတဲ့အဓိပ္ပာယ်အပြင် "Band Age" ဆိုတဲ့
တီးဝိုင်းအဖွဲ့သက်တမ်းဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရည်ညွှန်းနေတဲ့အတွက် ဆန်းသစ်တဲ့အိုင်ဒီယာလေးနဲ့
ဂီတနောက်ခံဇာတ်ကားကို ကြည့်ရှုခံစားနိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်း
****************
အထက်တန်းကျောင်းသူလေး အာဆာကိုဟာ ကျောင်းထွက်သွားတဲ့ သူငယ်ချင်းဖြစ်သူ မိဟာရူရဲ့
မိတ်ဆက်ပေးမှုနဲ့ Lands တီးဝိုင်းရဲ့ သီချင်းတွေကို နှစ်ခြိုက်လာခဲ့သူဖြစ်ပါတယ်။
တစ်နေ့ အာဆာကို မိဟာရူနဲ့ မထင်မှတ်ဘဲ ပြန်တွေ့ကြရင်း Lands အဖွဲ့ဖျော်ဖြေပွဲကို သွားခဲ့ကြရင်းက
Lands ရဲ့အဆိုတော် နာဆုနဲ့ တစ်ပူးတွဲတွဲဖြစ်လာခဲ့ပါတယ်။
နာမည်ကြီးလာနဲ့အတူ Lands တီးဝိုင်းအဖွဲ့အတွင်းက ပဋိပက္ခတွေ၊ မသင့်မြတ်မှုတွေ၊ ရေရှည်ရပ်တည်ဖို့ အကျိုးအမြတ်တွက်ချက်မှုတွေက တီးဝိုင်းပြိုကွဲတဲ့အထိ ဦးတည်သွားစေမလား...
ဂီတနဲ့စိတ်ဒဏ်ရာတွေ ကုစားနေကြသူ အာဆာကိုနဲ့နာဆုတို့ရော တကယ်လက်တွဲသွားနိုင်မလားဆိုတာ...
ဇာတ်လမ်းလေးထဲ စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်
