|
| Desingu Raja 2 (2025) |
Desingu Raja 2 (2025)/ ဒီဆင်းဂူရာဂျာ ၂
IMDb 7.6
ဒီဇာတ်လမ်းကတော့ ၂၀၂၃ မှာထွက်ရှိထားတဲ့ Desingu Raja ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပေမဲ့ အဆက်မဟုတ်ဘဲ
ဇာတ်လမ်းအသစ်တစ်ပုဒ်အဖြစ် ရိုက်ကူးထားတဲ့ တမီးလ်အက်ရှင် ဟာသဇာတ်ကားဖြစ်ပါတယ် ။
စိုက်ပျိုးရေးကောလိပ်မှာ အတူတူတက်ခဲ့ပြီး အမြဲတပူးပူးတွဲတွဲဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့
ကူလာဆီဂါရာပန်ဒီယန်၊ဆတ်သယာနဲ့ နောက်သူငယ်ချင်းတစ်ယောက်တို့အကြောင်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
အရွယ်ရောက်တော့ ဘဝလမ်းကြောင်းကွဲလွဲသွားပြီး နှစ်ဦးက ရဲအရာရှိဖြစ်သွားပြီး ကျန်တစ်ဦးမှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်သွားပါတယ်။
တာဝန်ကိုယ်ဆီထမ်းဆောင်နေတဲ့အချိန်မှာ လျို့ဝှက်ဆန်းကြယ်အမှုကိစ္စနှစ်ခုဖြစ်လာပြီးတဲ့နောက်
သူတို့တွေပြန်လည်ဆုံစည်းဖို့ အကြောင်းဖန်လာပါတော့တယ်။ ရဲအရာရှိနှစ်ဦးကလည်း အမှုကိုတရားသောဘက်မှဖြေရှင်းရန်ကြိုးစားကြပြီး
သူတို့ရဲ့ရာထူး၊သစ္စာစောင့်သိမှုနဲ့ အရင်ကခင်မင်ခဲ့တဲ့သူငယ်ချင်းသံယောဇဉ်တွေကို ပဋိပက္ခဖြစ်စေတဲ့အခြေအနေတွေနဲ့
ရင်ဆိုင်ရတဲ့အခါ သူတို့သူငယ်တွေဘယ်လိုဖြေရှင်းကြမလဲ။ သူတို့တွေကိုင်တွယ်ဖြေရှင်းရမဲ့လျို့ဝှက်ဆန်းကြယ်တဲ့အမှုနှစ်ခုက
ဘာဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုခံစားပေးကြပါဦး။
