|
| Ejen Ali: The Movie 2 (2025) |
IMDb..... 7.8
ယခုတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ရှိခဲ့တဲ့ ကာတွန်းကားပရိသတ်များအကြိုက်ဖြစ်ခဲ့တဲ့
Ejen Ali: The Movie ရဲ့ နောက်ဆက်တွဲဇာတ်လမ်းလေးဖြစ်တဲ့အပြင် 2025 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့
Ejen Ali: The Movie 2 လေးပဲဖြစ်ပါတယ်။
ဒီအပိုင်းမှာတော့ အာလီဟာ အကျင့်စာရိတ္တ မကောင်းတာကြောင့် မာထာအေဂျင်စီကနေ အထုတ်ခံလိုက်ရတဲ့
လျှို့ဝှက်အေးဂျင့်ဟောင်း နီယိုနီမက်စ်ဆီကနေ မာထာအေးဂျင့်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို
ဖော်ထုတ်ပစ်ကာ နည်းပညာမြို့တော်တစ်ခုလုံးကို ပြဿနာတွေတက်အောင် လုပ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို
ခံနေရတဲ့အတွက် အေဂျင်စီကို ကာကွယ်ဖို့ အာလီတစ်ယောက် မာထားကို သစ္စာဖောက်ပြီး စက်ရုပ်တိုက်ပွဲနဲ့
ခြိမ်းခြောက်ခံနေရတာတွေကို ရင်ဆိုင်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့ အဆိုးစွန်ဆုံး နည်းပညာအပေါ်ကို
ယုံကြည်မလားဆိုတာကို ဆုံးဖြတ်ရတော့မှာဖြစ်သလို တစ်ဖက်မှာလည်း IRIS ဝတ်ဆင်သူ အသစ်ဖြစ်လာတဲ့
အလီရှာကတော့ နီယိုနီမက်စ်ရဲ့ အစီအစဉ်တွေကို အသွင်ယူစုံစမ်းပြီး အသင်းကို ကယ်တင်ရမှာပါ။
ရှုပ်ထွေးလှတဲ့ လျှို့ဝှက်ချက်တွေ သစ္စာရှိမှုတွေကို စမ်းသပ်ခံရရင်း အာလီတစ်ယောက် ကြောက်ရွံမှုတွေကို ခံစားလာရပြီး
သူငယ်ချင်းတွေကို ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ Ejen Ali: The Movie 2 မှာ ဆက်လက် ကြည့်ရှုပေးကြပါဦးနော်။
