|
| Ejen Ali: The Movie (2019) |
IMDb..... 8.3
ကာတွန်းကား ကောင်းကောင်းလေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမဲ့
ကာတွန်းကားလေး တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
၁၂ နှစ်အရွယ် ကောင်လေး အာလီဟာ နည်းပညာမြို့တော်ကို ကာကွယ်ပေးနေတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုဖြစ်တဲ့
မာထာကနေ ဖန်တီးပြုလုပ်ပေးထားတဲ့ ခက်ခဲရှုပ်ထွေးလှတဲ့ လှုပ်ရှားမှုတွေကို အာရုံခံနိုင်တဲ့ စက်ကိရိယာ IRIS ကို
မတော်တဆ အသက်သွင်းမိလိုက်ပြီးနောက်မှာတော့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်လာပြီး
သူ့ဦးလေး အေးဂျင့်ဘာကာနဲ့အတူ တခြားငယ်ရွယ်တဲ့ အေးဂျင့်လေးတွေနဲ့ လေ့ကျင့်ပြီး မာထာရဲ့ မစ်ရှင်တွေကို
ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကိုတော့ Ejen Ali: The Movie ဆိုတဲ့ 2019 ခုနှစ်ထွက် ကာတွန်းကားလေးမှာ
ကြည့်ရှုပေးကြပါဦးနော်။
အသေးစိတ်အချက်အလက်
