|
| Hridayapoorvam (2025) |
နှလုံးသားနှင့်အစပြုခဲ့သော ချစ်ခြင်း
IMDb - 7.5 / 10
ဒီတစ်ခေါက်မှာတော့ မလေယာလမ်းမင်းသားကြီး မိုဟန်လယ်ပါဝင်ရိုက်ကူးထားတဲ့နာမည်ကြီးရုံတင်ကားတစ်ကားဖြစ်ပြီး
ရုံတင်ဝင်ငွေသန်း ၁၀၀ ကျော်ထိရရှိထားတဲ့ ရုံတင်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ ဒီဇာတ်လမ်းထဲမှာ
မိသားစုမေတ္တာဇာတ်လမ်းကို ဟာသနှောပြီး ခံစားရမှာဖြစ်ပါတယ်။ စိတ်နှလုံးကောင်းလွန်းသူ ဆန်ဒိပ့်တစ်ယောက်
ကျန်းမာရေးဆိုင်ရာပြဿနာကြုံတွေ့ရပြီး နှလုံးအစားထိုးဖိုဖြစ်လာခဲ့ပါတယ် ။
မိသားစုဆိုလို အစ်မလင်မယားသာရှိတဲ့ ဆန်ဒိပ့်မှာ တစ်ခြားအားကိုးစရာမရှိပေမဲ့ စိတ်ထားကောင်းသူမို
ကံကောင်းခြင်းတွေနဲ့ပြည့်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ နှလုံးအစားထိုးပြီးနောက်ပိုင်း
ဆန်ဒိပ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ချိုကိုလည်း ဒီဇာတ်လမ်းမှာ တွေ့ရမှာဖြစ်ပါတယ် ။
ဆန်ဒိပ့် အကောင်းဘက်ကိုပဲပြောင်းလဲသွားတာလား ၊ ဘယ်လိုပုံစံမျိုးပြောင်းလဲသွားလဲဆိုတာကို
ဒီဇာတ်လမ်းမှာကြည့်ရှုရမဲ့အပြင် သူ့ကိုနှလုံးအစားထိုးပေးခဲ့တဲ့ သူရဲ့သမီးနဲ့ အသက်ကြီးမှ မင်္ဂလာဆောင်ဖိုဖြစ်လာတဲ့အခါ
ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုခံစားပေးပါဦး ။
