|
| Little Hearts (2025) |
"အချစ်ဖူးငုံလေးများ"
ဒီတစ်ခါမှာတော့ တေလဂူစကားပြော အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။
ပေါ့ပေါ့ပါးပါးကြည့်ရမဲ့ ကျောင်းသားဘ၀နောက်ခံဇာတ်လမ်းလေးပါ။
ဇာတ်လမ်းထဲမှာ အာခီလ်ဟာ ကျောင်းသားလူငယ်လေးတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့ဖိအားပေးတွေကို အလူးအလဲခံနေရသူပါ။
ငယ်ငယ်ကတည်းက ဖခင်ကလိုသလိုပုံစံသွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အာခီလ်က သူ့အဖေဖြစ်စေချင်သလို ဖြစ်မလာခဲ့ပါဘူး။
စာမေးပွဲတွေလည်း အကြောင်းအမျိုးမျိုးနဲ့ကျလိုက်၊ အဖေကဆူလိုက်၊ အဖေကွယ်ရာ လုပ်ချင်ရာလုပ်လိုက်နဲ့
ဘ၀ကိုဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ပေါ့။
သူ့အဖေရဲ့ဖိအားတွေကြားမှာပဲ အာခီလ်တစ်ယောက် လူငယ်သဘာ၀ ကောင်မလေးတစ်ယောက်ကိုချစ်မိသွားပါတော့တယ်။
အဲဒီလိုနဲ့ အာခီလ်တစ်ယောက် သူ့အဖေနဲ့ ဘယ်လိုဆက်ပြီး နှစ်ပါးသွားမလဲ၊ သူကြိုက်တဲ့ကောင်မလေးကို ဘယ်လိုပိုးပန်းမလဲ...
ဆိုတာတွေကို ရယ်ရယ်မောမော ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
