|
| Mirai (2025)"မီရိုင်" |
IMDb 8.1/10
ရုံတင်စဉ်က အမြတ်ငွေ ရူပီး ကုဋေ ၈၀ ကျော်ရခဲ့ပြီး အဆက်ရုပ်ရှင်ထွက်မယ်လို့လည်း အတည်ပြုပြီးဖြစ်တဲ့
စူပါဟီးရိုးဆန်ဆန် တေလေဂူစကားပြောရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ဒီထဲကဇာတ်လိုက်ကတော့ မနှစ်က နာမည်ကြီးခဲ့တဲ့ Hanu-Man ကားထဲက မင်းသားဖြစ်ပြီး မင်းသားကြီး
ပရာဘာ့စ်ကလည်း နောက်ခံစကားပြောသူအဖြစ်ပါဝင်ထားပါသေးတယ်။
ဇာတ်လမ်းကတော့ ကလိင်္ဂစစ်ပွဲအပြီးမှာ နောင်တရသွားတဲ့ အသောကမင်းကြီးဟာ သူ့ရဲ့ ဘုန်းတန်ခိုးတွေကို
ကျမ်းစာအုပ် ကိုးအုပ်အဖြစ်ဖန်တီးပြီး စစ်သည်တော်ကိုးယောက်ကို ခွဲဝေစောင့်ရှောက်စေခဲ့ပါတယ်။
နှစ်ထောင်ချီကြာပြီးတဲ့နောက်မှာတော့ အမှောင်မိစ္ဆာအစွမ်းပိုင်ရှင်တစ်ယောက်က
ကျမ်းစာအုပ်တွေကိုတစ်အုပ်ပြီးတစ်အုပ် လိုက်သိမ်းယူနေခဲ့ပါတယ်။
အဲဒီလိုနဲ့ ကျမ်းစာအုပ် ၈ အုပ်ပါသွားပြီးနောက်မှာတော့ အရေးအပါဆုံးဖြစ်တဲ့ ၉ အုပ်မြောက်ကျမ်းစာအုပ်ကို
ကာကွယ်နိုင်ဖို့အတွက် မိစ္ဆာစွမ်းအင်ပိုင်ရှင်ကို တားနိုင်တာက မီရိုင်ဆိုတဲ့ လက်နက်တစ်မျိုးတည်းရှိတာဖြစ်ပြီး
အဲဒီလက်နက်ကိုကိုင်ဆောင်နိုင်မယ့် ရွေးချယ်ခံပုဂ္ဂိုလ်ပေါ်လာတဲ့အခါမှာတော့...။
