|
| Rise of the Footsoldier: Vengeance (2023) |
IMDb Rating (5.8) / Rotten Tomatoes (42%)
ဒီနှစ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးပုပ် ၆၀နဲ့ IMDb 6.1 ရရှိထားတဲ့ Rise of the Footsoldier franchise ရဲ့ sequel ရုပ်ရှင်သစ်တခုဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာလည်း Rise of the Footsoldier ရဲ့ပင်တိုင်သရုပ်ဆောင်ကြီး ခရိတ်ဖဲဘရက်စ်က ပတ်တိတ် နေရာကနေ ထပ်မံသရုပ်ဆောင်ထားပါတယ်။
Rise of the Footsoldierရဲ့ တတိယာကားပေမဲ့ တကယ်ဆို Spin-offကားလို့ ပြောရင်ပိုမှန်ပါမယ်။ ပထမ၂ကားလို ဖြစ်ရပ်မှန်သက်သက်တော့ မဟုတ်တော့ပါဘူး။ ဖြည့်စွက်ထားတာတွေ ရှိပေမဲ့ ဂန်းစတားကားတစ်ကားအနေနဲ့တော့ ကြည့်ကောင်းပါတယ်။ ၂ထက် ပိုကောင်းတယ်ပြောရမယ်။ ပထမဆုံးဖြစ်ရပ်မှန်ကားမှာ ပတ်တိတ်ကို တစ်ကားလုံးထဲက အကြမ်းအရမ်းဆုံး လူကြမ်းလူရမ်းကြီးအနေနဲ့ ပြခဲ့ပါတယ်။ ထိန်းမနိုင်သိမ်းမရ အရိုင်းအစိုင်း အစစ်ကြီးအနေနဲ့ပေါ့။ ဒီထဲမှာတော့ ပထမ၂ကားက အဓိကဇာတ်ကောင်က မပါတော့ပါဘူး။ ပထမကားထဲက တကယ်ဖြစ်ခဲ့တဲ့အမှုထဲမှာ သေသွားခဲ့တဲ့လူကြမ်းကြီး ၃ယောက်ရဲ့ ခင်မင်မှုကိုပဲ ပြထားတယ်။ ပထမကားမှာတော့ ပတ်တိတ်ဟာ ပလိန်းကြီး ကြောင်တောင်တောင်နဲ့ ရိုက်ပုတ်နေတဲ့ ရက်စက်တဲ့ လူသန်ကြီးလို့ ပုံဖော်ထားပေမဲ့ သူ့ဇာတ်လမ်းကို အသားပေးထားတဲ့ ဒီကားမှာတော့ ပတ်တိတ်မှာလည်း သူ့အကြောင်းနဲ့သူရှိနေတာကို ပုံဖော်ထားပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)
