|
| Shell (2025) |
IMDb Rating (4.8) / Rotten Tomatoes (58%)
ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ကထွက်ရှိခဲ့တဲ့ ထိတ်လန့်သည်းဖို ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဒါရိုက်တာ Max Minghella ရိုက်ကူးထားပြီးတော့ Elisabeth Moss နဲ့ Kate Hudson တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဟောလိဝုဒ်ရဲ့ လူချစ်လူခင်ပေါများခဲ့သော စမန်သာ လိပ်ခ် ရဲ့ အနုပညာခရီးလမ်းဟာ အသက် လေးဆယ်ကျော်လာတာနဲ့အမျှ တဖြည်းဖြည်းမှေးမှိန်လာခဲ့ပါတယ်။ အလုပ်ရဖို့အတွက် ငယ်ရွယ်လှပတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ဖို့ အမြဲတမ်းစိုးရိမ်ပူပန်နေရပြန်ပါတယ်။
နောက်ဆုံးမှာတော့ အေဂျင်စီရဲ့ တိုက်တွန်းမှုနဲ့အတူ ရှဲလ်(Shell) လို့ခေါ်တဲ့ နာမည်ကြီးအလှအပရေးရာ ကုမ္ပဏီမှာ ကုသမှုခံယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
စမန်သာဟာ ကုသမှုခံယူပြီးတဲ့နောက်မှာ သူ့ဘဝဟာချက်ချင်းဆိုသလိုပြောင်းလဲသွားပြီး ယုံကြည်မှုတွေပြန်ရလာကာ အရာရာအဆင်ပြေလာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီလိုကောင်းမွန်လာတဲ့အခြေအနေနောက်မှာ ကြောက်မက်စရာအမှန်တရားကို စမန်သာတစ်ယောက် သိရှိသွားတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲ ရှဲလ်ရဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
