|
| Twinless (2025) |
IMDb Rating (7.9) / Rotten Tomatoes (97%)
မင်းသား Dylan O’Brien ရဲ့ဇာတ်ကောင် ၂ ကောင်အဖြစ်သရုပ်ဆောင်တဲ့ Dark Comedy ကားကောင်းလးပါ..
Gay sex scene တွေ ပါတဲ့အတွက် လူတိုင်းအတွက်တော့ မဟုတ်နိုင်ပေမဲ့ ကြည့်မိလိုက်ရင် အမြွှာ ၂ ယောက်ကြားက အရမ်းကောင်းတဲ့ ဒရမ်မာ Bromance ကားမှန်းသိသာစေပြီး IMDB 7.2 ထိရထားတော့ ပေါ့သေးသေးတော့ မဟုတ်ပါဘူး..
အချစ်၊ ဆုံးရှုံးမှုနဲ့ အမှန်တရားအကြားမှာ လူတစ်ယောက်ဘယ်လောက်အထိ ရုန်းကန်နိုင်မလဲ?
“Twinless” ဟာ ဒီမေးခွန်းကို ဖြေပေးထားတဲ့ ရုပ်ရှင်တစ်ခုပါ။
Roman (Dylan O’Brien) ဟာ သူ့နဲ့အတူမွေးဖွားခဲ့တဲ့ identical twin ကို ကားမတော်တဆမောင်းနှင်မှုအတွက် ဆုံးရှုံးသွားတဲ့အခါ ဘဝတစ်ခုပျက်သွားသလို ဖြစ်နေပါတယ်။
အဲ့ဒီဒဏ်ရာအနက်ထဲကနေ ထွက်နိုင်ဖို့ အတွက် “twin loss support group” တစ်ခုထဲဝင်တယ်..
အဲ့ဒီမှာသူ့ဘဝကို ပြန်လည်ပြောင်းလဲသွားမယ့် Dennis ဆိုတဲ့ လူတစ်ဦးနဲ့တွေ့မိတာပါ။
ပထမအဆင့်မှာ သူတို့အကြားက bond ဟာ နူးညံ့တဲ့အချစ်ဆုံး သူငယ်ချင်းတွေအဖြစ် ဒါပေမဲ့ နောက်ပိုင်းမှာ အရာအားလုံးဟာ မထင်မှတ်ထားတဲ့ အမှန်တရားတစ်ခု အဖြစ် ပြောင်းသွားပြီး ဒန်းနစ် ဘယ်သူလဲဆိုတဲ့သရုပ်မှန်ပေါ်လာပါတော့တယ်..
