|
| Kambi Katna Kathai (2025) |
Kambi Katna Kathai (2025)
"ကိုဟီနူးစိန်ကြီး အရှုပ်တော်ပုံ"
အခွီအလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးရှုစားရမဲ့ တမီလ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဗြိတိသျှဘုရင်မကြီးရဲ့ သရဖူကစိန်လိုပဲ တန်ဖိုးကြီးတဲ့ ကိုဟီနူးစိန်က တကယ်တော့နှစ်လုံးရှိတာဖြစ်ပြီး
တစ်လုံးကတော့ ဒီစိန်ကို တိတ်တခိုးဝှက်ထားတဲ့ လော့ဒ်မာ့ခ်ဝဲလ်ဆိုတဲ့လူရဲ့ မျိုးဆက်တွေဆီမှာရှိနေခဲ့တာပါ။
တစ်နေ့ ဒီစိန်ကို မှောင်ခိုရောင်းဖို့သယ်လာရင်းနဲ့ အကောက်ခွန်ကဘဲက ဖြတ်လုထားလိုက်တာကြောင့် အကြပ်ရိုက်သွားပြီး ဒီစိန်ကိုပြန်လုလာပေးမဲ့လူကို ရှာကြပါတော့တယ်။
ဒီလူကတော့ တခြားမဟုတ် ဘယ်လိုလူကိုမဆို လက်တစ်လုံးခြားလှည့်ကစားနိုင်တဲ့သူပါ။
သူဟာ လူပေါင်းများစွာကို လိမ်လည်ခဲ့ပေမဲ့ စွဲချက်တင်မရဘဲ လူတွေကိုသာမက ဥပဒေကို လက်တစ်လုံးခြားလှည့်နေတဲ့လူမျိုးပေါ့။
အစကတော့ ဒီအလုပ်ကို ငြင်းနေပေမဲ့ သူယူပေးရမဲ့ပစ္စည်းက ကုဋေချီတန်တဲ့စိန်ဆိုတာ သူသိသွားပြီးတော့ သူပါသူခိုးလက်က သူဝှက်လုဖို့ ကြံစည်ချိန်မှာတော့...3
