|
| Usurae (2025) |
Usurae (2025)
"တောင်ပေါ်ရွာလေးက အချစ်ပုံပြင်"
ဒီတစ်ခါမှာတော့ ရင်ကိုနွေးထွေးစေမယ့် ရိုးစင်းတဲ့ တေလဂူးအချစ်ဇာတ်လမ်းလေး လာပါပြီ
တီပူရာဆိုတဲ့ ရွာကလေးမှာ သူငယ်ချင်းတွေနဲ့ အရက်သောက်လိုက်၊ ဟိုဘက်ရွာနဲ့ အုပ်စုဖွဲ့ရန်ဖြစ်လိုက်နဲ့
ဘဝမှာ အပူအပင်မရှိ ဖြစ်ကတတ်ဆန်းနေနေတဲ့ ရာဂါဗာတစ်ယောက်
သူတို့အိမ်နားကို အသစ်ပြောင်းလာတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေး အနူဆူယာကို ချစ်မိတဲ့နောက်
စည်းကမ်းတင်းကျပ်ပြီး သူ့သမီးဆိုရင် ကာလသားတွေငေးတာတောင် သည်းခံနိုင်စွမ်းမရှိတဲ့
အနူဆူယာ့မိခင်ရဲ့ ယုံကြည်မှုကို ဘယ်လိုကြိုးစားရယူသွားမှာလဲဆိုတာ ပရိသတ်တို့ပဲ ဆက်လက်ကြည့်ရှုခံစားအားပေးပါဦး
အသေးစိတ်အချက်အလက်
