|
| Enjoy Your Journey (2026) |
Enjoy Your Journey (2026) ဒီရုပ်ရှင်လေးဟာ နာမည်ကျော်ဒါရိုက်တာ Wanma Caidan က ဇာတ်ညွှန်းရေးသားပြီး ကြီးကြပ်ထုတ်လုပ်ထားပြီးတော့ ဒါရိုက်တာ Jiumei Chenglie က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် Qu Chuxiao နဲ့ Qiu Tian တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ နှစ်ပေါင်းများစွာ ကြာရှည်တည်တံ့ခဲ့တဲ့အချစ်တစ်ခုကို လှပတဲ့ တိဗက်ဒေသရဲ့ သဘာဝရှုခင်းတွေနဲ့အတူ တင်ဆက်ထားတာပဲဖြစ်ပါတယ်အချစ်ဆိုတာ ရင်ခုန်ခြင်းတစ်ခုတည်း မဟုတ်ဘဲ ယုံကြည်မှု စောင့်ဆိုင်းမှုနဲ့ အတူတကွ လျှောက်လှမ်းခြင်းဖြစ်ကြောင်းကို ခံစားစေမဲ့လက်ရာကောင်းတစ်ခု ဖြစ်ပါတယ် ခရီးတစ်ခုရဲ့ အဓိပ္ပာယ်က ပန်းတိုင်ကို ရောက်ဖို့တင်မဟုတ်ပါဘူး... လမ်းတစ်လျှောက်မှာ တွေ့ဆုံရတဲ့ လူတွေက ကိုယ့်ဘဝကို ဘယ်လောက်ပြောင်းလဲပေးနိုင်လဲဆိုတာကိုလည်း သင်ပေးတတ်ပါတယ် ဇာတ်လမ်းလေးကတော့ မတူညီတဲ့ နောက်ခံဘဝတွေက လူငယ်တစ်စု တိဗက်ဒေသကို ခရီးထွက်ရာကနေ စတင်ပြီး ဧဝရတ်တောင်ကို တက်ရောက်ဖို့ ပြင်ဆင်ရင်း ခရီးလမ်းတစ်လျှောက် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ရယ်မောစရာ အခိုက်အတန့်တွေနဲ့ တစ်ယောက်ချင်းစီရဲ့ ဘဝနောက်ကွယ်က နာကျင်မှုတွေကို ရင်ဖွင့်လာကြပါတယ် ခရီးစဉ်အတွင်းမှာ အချစ်ကြောင့် နာကျင်ခဲ့သူ မိသားစုအတွက် ရုန်းကန်နေရသူ အနာဂတ်အတွက် လမ်းပျောက်နေသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီရင်း ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေလာကြပါတယ်သဘာဝကြီးရဲ့ အံ့ဖွယ်အလှတရားတွေနဲ့ ထူးခြားတဲ့ တွေ့ဆုံမှုတွေကလည်း သူတို့ရဲ့ စိတ်နှလုံးကို တဖြည်းဖြည်း ပြောင်းလဲပေးလာပါတယ် နောက်ဆုံးမှာတော့ သူတို့ဟာ ခရီးရဲ့ ပန်းတိုင်ကို ရောက်ရှိရုံသာမက ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံနိုင်တဲ့ သတ္တိ ဘဝကို ရှေ့ဆက်လျှောက်လှမ်းနိုင်တဲ့ အားအင်နဲ့ တန်ဖိုးရှိတဲ့ မိတ်ဆွေသံယောဇဉ်တွေကိုပါ ရရှိသွားကြပါတယ်လှပတဲ့ သဘာဝရှုခင်းတွေ ဘဝအတွက် မျှော်လင့်ချက်တွေကို ပေါင်းစပ်တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ ခရီးသွားခြင်းရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ခံစားရစေမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်
