|
| Khushkhabri (2026) |
Khushkhabri (2026) ဥရောပ အိမ်မက်
IMDb (7.5/10)
ဒီတစ်ခါတော့ ၂၀၂၆ ဧပြီလမှာရုံတင်ပြသခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ပန်ချာပီ မိသားစုဟာသ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အသက် ၄၀ အရွယ် မာခန် နဲ့ ဂျက်ဆီ တို့ဟာ စိတ်ကူးချင်း လုံးဝမတူညီကြတဲ့ ရွာက ဇနီးမောင်နှံနှစ်ဦး ဖြစ်ကြပါတယ်။ မာခန်က ကနေဒါနိုင်ငံကို သွားပြီး အခြေချဖို့ အိမ်မက်ရှိပြီး ဂျက်ဆီကတော့ ပန်ဂျပ်မှာ ကိုယ်ပိုင်အထည်ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တာပါ။ မိသားစုတွေရဲ့ ဖိအားပေးမှုကြောင့်သာ လက်ထပ်ခဲ့ကြရတဲ့ သူတို့နှစ်ဦးကြားမှာ မွေးဖွားလာတဲ့ သားလေး ဟာ သူတို့ရဲ့ နိုင်ငံခြားသွားမယ့် မျှော်လင့်ချက် ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဆေးရုံမှာ ကလေးမွေးတုန်းက ကလေးချင်း မှားသွားခဲ့တယ် ဆိုတဲ့ လျှို့ဝှက်ချက် ပေါ်လာတဲ့အခါမှာတော့ သူတို့ဘဝဟာ ဗြုန်းစားကြီး ကမောက်ကမ ဖြစ်သွားပါတော့တယ်။ DNA စစ်ဆေးမှုအတု ပြဿနာတွေ၊ ကလေးလဲလှယ်မိတဲ့ ရှုပ်ထွေးမှုတွေနဲ့အတူ ဥပဒေကြောင်းအရ ရင်ဆိုင်ရမှုတွေပါ ပါဝင်လာပြီး တကယ့်ကို ရယ်မောစရာ အလွဲလွဲအချော်ချော်တွေ ဖြစ်လာခဲ့ပါတယ်။
ဒီလို ရှုပ်ထွေးပွေလီလှတဲ့ ပြဿနာတွေကြားကနေ နောက်ဆုံးမှာ မိသားစု ဆိုတာ သွေးသားတော်စပ်မှုထက် အချင်းချင်းကြားက ချစ်ခြင်းမေတ္တာ ကသာ အဓိကဖြစ်တယ်ဆိုတာကို ပညာပေး တင်ဆက်ထားတဲ့ မိသားစုဟာသကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
