|
| Maa Inti Bangaram (2026) |
Maa Inti Bangaram (2026), မျက်နှာဖုံး
IMDb - 8.5/10
ရုံတင်ဝင်ငွေ ရူပီး သန်းတစ်ထောင်ကျော်ထိရခဲ့တဲ့ တောင်ပိုင်းမင်းသမီးချော ဆမန်သာရုသ်ပရာဘူးရဲ့ အက်ရှင်ဇာတ်ကြမ်းရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
မိဘတွေ သဘောမတူတဲ့ကြားက နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပြီး အချိန်တစ်ခုရောက်တော့ မွေးရပ်မြေဆီ အရဲစွန့်ပြန်လာခဲ့ကြတဲ့ အာနီနဲ့ ဆွာနာ ။ အာနီက ဆရာဝန်တစ်ယောက် နောက်ခံကောင်းကောင်းနဲ့ ဆွာနာကတော့ စီးပွားရေးဘွဲ့ရပေမဲ့ မွေးပြီးတည်းက မိဘမဲ့မို့ ကိုယ့်ဇာတိတောင်ကိုယ် ဘာမှန်းမသိတဲ့လူဆိုတော့ အာနီ့ဘက်က ရှေးရိုးစွဲအဘွားတွေက နှာခေါင်းရှုံ့ချင်ကြတယ် ဒီလိုသဘောမတူမှုတွေကို ဆွာနာက အကောင်းဆုံးကျော်ဖြတ်မယ်ဆိုပြီး မွေးရပ်မြေဆီ ပြန်ခဲ့ကြတယ်ဆိုပါတော့။ ဒါပေမဲ့ ဘယ်သူမှ မထင်ထားတဲ့ ဆွာနာရဲ့ ဖုံးကွယ်ထားတဲ့ ဘဝရဲ့
အရိပ်မည်းက ဆွာနာ့အိပ်မက် မိသားစုဘ၀လေးကို ဖျက်ဆီးဖို့ ပေါ်ပေါက်လာချိန်မှာတော့...။
