|
| Mimics (2026) |
Mimics (2026) ရုပ်သေးရုပ်၏ ခြောက်လှန့်မှုများ
IMDb 7.4
ဆမ်က ပညာနဲ့ ဘဝကို အောင်မြင်ချင်ပေမဲ့ အခြေအနေတွေက မျက်နှာသာမပေးတဲ့အဆုံး ဖားဂတ်စ်လို့ခေါ်တဲ့ ကောက်ကျစ်စဉ်းလဲပြီး နောက်ကွယ်က ကြိုးကိုင်မှုတွေရှိတဲ့ ရုပ်သေးရုပ်ဆိုးကြီးတစ်ခုနဲ့ မမျှော်လင့်ဘဲ အမှောင်ဝိညာဉ်သဘောတူညီချက်တစ်ခု လုပ်မိခဲ့ပါတယ် ဒီရုပ်သေးရုပ်ကြီးက ဆမ်ကို နာမည်ကြီးပြီး ထိပ်ဆုံးရောက်အောင် လုပ်ပေးမယ်လို့ ကတိပေးထားပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အောင်မြင်မှုနောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ တန်ဖိုးတွေ၊ စည်းကမ်းချက်တွေ ပါလာပါတော့တယ်။
ဆမ်တစ်ယောက် အောင်မြင်မှုတွေရလာလေလေ၊ ဒီရုပ်သေးရုပ်ဆိုးရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်ကနေ ရုန်းမထွက်နိုင်ဘဲ သူ့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ပါ တဖြည်းဖြည်း ချောက်ထဲကျလာလေဖြစ်ပြီး ဘဝပျက်မတတ် ကျဉ်းထဲကျပ်ထဲ ရောက်လာတဲ့အခါမှာတော့...။ စုန်းပြူးရုပ်သေးရုပ်ရဲ့ ခြိမ်းခြောက်မှုတွေကြားထဲကနေ ဆမ်တစ်ယောက် ဘယ်လိုမျိုး အသက်လုပြီး ရုန်းကန်ရမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းတစ်ကားပါလို့ ညွှန်းဆိုလိုက်ရပါတယ်
