|
| Vowels (2026) |
Vowels (2026) "ချစ်ခြင်းရဲ့သရများ"
A – Attraction (ဆွဲဆောင်မှု)၊ E – Emotion (စိတ်ခံစားမှု)၊ I – Intimacy (ရင်းနှီးကျွမ်းဝင်မှု)၊ O – Obsession (အစွဲအလမ်း)၊
U – Unconditional Love (အကန့်အသတ်မရှိတဲ့ မေတ္တာ)ဆိုပြီး ချစ်ခြင်းရဲ့သရများဆိုတဲ့ အဓိပ္ပါယ်နဲ့ တမီးလ်ဒါရိုက်တာငါးဦး
ပုံဖော်တင်ဆက်ထားတဲ့ ဇာတ်လမ်းတိုငါးပုဒ်။
ချစ်ခြင်းမေတ္တာဆိုတာ တစ်ပုံစံတည်း မဟုတ်ပါဘူး။ တစ်ခါတလေ ဆွဲဆောင်မှုတစ်ခုက အချစ်ဖြစ်လာနိုင်သလို၊
တစ်ခါတလေ အချစ်က အစွဲအလမ်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
ဒီ Vowelsကတော့ မတူညီတဲ့ လူငယ်၊ လူလတ်ပိုင်းတို့ရဲ့ ဘဝတွေထဲက အချစ်ဇာတ်လမ်း ၅ ခုကို
ချိတ်ဆက်တင်ဆက်ထားတဲ့ ရုပ်ရှင်။
စိတ်ခံစားချက်တွေကို အလေးထားပြီး ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ပုံဖော်ရတာမျိုး နှစ်သက်သူတို့အတွက်
ဒီရုပ်ရှင်က စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။
အသေးစိတ်အချက်အလက်
