ကြည့်မရပါက VPN ဖွင့်ပါ 📲 ဖုန်းဆော့ဝဲ ရယူရန် - App

A Gentle Breeze in the Village

Please wait 0 seconds...
Scroll Down and click on Go to Link for destination
Congrats! Link is Generated
A Gentle Breeze in the Village (2007)
A Gentle Breeze in the Village (2007)

A Gentle Breeze in the Village (2007)
"ရိုးရှင်းတဲ့ ကျေးလက်ရွာလေးဆီက တိုက်ခတ်လာတဲ့ လေနုအေးလေးလို... ရင်ထဲကို အေးမြကြည်နူးသွားစေမဲ့ ဂျပန် ဂန္တဝင် ရိုမန့်စ်ကားဟောင်းလေး"
"လူ (၆) ယောက်တည်းရှိတဲ့ စာသင်ကျောင်းလေးဆီကို မြိုကြီးသား ခပ်ချောချော ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ..."
ကဲ... သည်းထိတ်ရင်ဖိုတွေ၊ အက်ရှင်တွေ၊ ဒရာမာအကြမ်းစားတွေ ကြည့်ရတာများပြီး စိတ်ရှုပ်ထွေးနေရင် Vibe ပြောင်းပြီး ရင်ထဲအေးချမ်းသွားစေမဲ့ ၂၀၀၇ ခုနှစ်ထွက် Japanese Slice-of-life / Romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားလေးမှာတော့ ကျွန်တော်တိုရဲ့ အချစ်တော် မင်းသားချော Masaki Okada ရဲ့ ငယ်ငယ်တုန်းက အထက်တန်းကျောင်းသား အရွယ် ခပ်မိုက်မိုက် Cool Guy ပုံစံလေးနဲ့ မင်းသမီးချောလေး Kaho တို့ရဲ့ တွဲဖက်သရုပ်ဆောင်မှုကို မြင်တွေ့ရမှာပါ။
ဇာတ်လမ်းလေးကတော့ ဂျပန်နိုင်ငံရဲ့ တိတ်ဆိတ်အေးချမ်းပြီး သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျေးလက်ရွာငယ်လေးတစ်ခုမှာ အခြေတည်ထားပါတယ်။ အဲဒီရွာလေးမှာရှိတဲ့ စာသင်ကျောင်းလေးက ဘယ်လောက်တောင် သေးငယ်လဲဆိုရင် မူလတန်းကနေ အလယ်တန်းအထိ ကျောင်းသား အားလုံးပေါင်းမှ (၆) ယောက်တည်းသာ ရှိတာပါ။ အဲဒီကျောင်းလေးမှာ အတန်းကြီးဆုံးနဲ့ အပြစ်ကင်းစင်တဲ့ ရွာသူမလေး 'ဆိုယို' ဟာ သူ့ရဲ့ ညီငယ်၊ ညီမငယ်လေးတွေလို ဖြစ်နေတဲ့ ကျောင်းသားလေးတွေနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပေါ့။
ဒါပေမဲ့ တစ်နေ့မှာတော့ တိုကျိုမြိုကြီးကနေ 'ဟီရိုမီ' ဆိုတဲ့ ခပ်ချောချော မြိုကြီးသား ကောင်လေးတစ်ယောက် ကျောင်းပြောင်းရောက်လာချိန်မှာတော့ ဆိုယိုတိုရဲ့ တိတ်ဆိတ်နေတဲ့ ကမ္ဘာလေးမှာ ဂယက်ထလာပါတော့တယ်။
ဖက်ရှင်ကျကျနဲ့ Cool ဖြစ်လွန်းတဲ့ မြိုကြီးသားကောင်လေးနဲ့ ရိုးရိုးရှင်းရှင်း တောသူမလေးတိုရဲ့ ကြားမှာ လူငယ်ဘာဝ အပြစ်ကင်းတဲ့ အချစ်ဦး (First Love) ရင်ခုန်သံလေးတွေ စတင်လာတဲ့အခါ…
မြိုပြရဲ့ စရိုက်နဲ့ ကျေးလက်ရဲ့ ဓလေ့ မတူညီမှုတွေကြားက သူတိုနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လို ရှေ့ဆက်မလဲဆိုတာကို ကြည်နူးဖွယ် ကြည့်ရှုရမှာပါ။ ဒီကားက ဗီလိန်တွေ၊ ဒေါသထွက်စရာ အကွက်တွေ လုံးဝ (လုံးဝ) မပါဘဲ ကျေးလက်ရဲ့ သာယာလှပတဲ့ ရှုခင်းတွေ၊ ကလေးတွေရဲ့ အပြစ်ကင်းတဲ့ ရယ်မောသံတွေနဲ့ပဲ ကြည့်နေတဲ့သူကို ဖြည်းဖြည်းချင်း လွှမ်းခြုံပြီး Healing ဖြစ်စေတဲ့ ကားမျိုးပါ။
ဂျပန်ကားတွေရဲ့ ထုံးစံအတိုင်း Slow Burn ဆန်ဆန်လေးနဲ့ စိတ်ကို အပန်းဖြေစေတာမို အေးအေးချမ်းချမ်း ရိုမန့်စ် ကားလေးတွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် ဒီ Weekend မှာ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Hidden Gem လေးတစ်ခုအဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။

ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ။

No Server Name File Size Resolution
1 Yoteshin 3 GB 1080
2 Megaup 3 GB 1080
3 Gdtot 3 GB 1080
4 Usersdrive 3 GB 1080
5 Yoteshin 2 GB 720
6 Gdtot 2 GB 720
7 Megaup 2 GB 720
8 Usersdrive 2 GB 720
9 Telegram 2 GB 720

Post a Comment

provided by DK technozone
ဟာ...သွားပါပြီကွာ!
အင်တာနတ်ကြီးကျသွားပြီကွာ၊ မင်းတို့ကမဟုတ်တော့ဘူး၊ တကယ်ကဒီလိုပါ " လိုင်းကျနေတယ် လူကြီးမင်း"