ကြည့်မရပါက VPN ဖွင့်ပါ 📲 ဖုန်းဆော့ဝဲ ရယူရန် - App

Another World

Another World (2026) | မြန်မာစာတန်းထိုး mm subtitle movie ကာတွန်းရုပ်ရှင်ဇာတ်ကားကြီး အခမဲ့ဒေါင်းကြည့်နိုင်ပါသည်။
Please wait 0 seconds...
Scroll Down and click on Go to Link for destination
Congrats! Link is Generated
Another World (2026)
Another World (2026)

Another World (2026) ဒီ ဟောင်ကောင် Anime ရုပ်ရှင်လေးက ဂျပန်စာရေးဆရာ Naka Saijo ရဲ့ ၂၀၁၂ ခုနှစ်ထွက် နှစ်တစ်ထောင်ဝိဉာဉ်ဆိုတဲ့ ဝတ္ထုလေးကို အခြေခံပြီး ဖန်တီးထားတာပါ။ ၂၀၁၉ ခုနှစ်လောက်က ရုပ်ရှင်အတိုလေးအဖြစ် ဖန်တီးခဲ့ကြရာမှာ နိုင်ငံတကာ ဆုတွေများစွာ ရရှိခဲ့တာကြောင့် အခု ၂၀၂၅ ခုနှစ်မှာတော့ ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ပြောင်းလဲဖန်တီးထားပြီး ထွက်ရှိလို့လာခဲ့ပါပြီ။ နောက်ပြီး ဒီကားလေးဟာ ဟောင်ကောင် Animation သမိုင်းရဲ့ ဒုတိယမြောက်ကားလေးပါ။ နောက်ပြီး သူတို့ပြည်တွင်း ဆုပေးပွဲမှာလည်း Best Animation ဆု ရရှိထားပြီး ဝင်ငွေအကောင်းဆုံး Animation ရုပ်ရှင်လေး ဖြစ်လာခဲ့ပါပြီ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဂူဒို (ဆူဂွိုင် - သရဲကလေး) ဆိုတဲ့ ဝိဉာဉ်အစောင့်အရှောက်လေးက တမလွန်ကမ္ဘာမှာ သေဆုံးပြီးကာစ ဝိဉာဉ်တွေကို လမ်းပြခေါ်ဆောင်ပြီး နောက်ထပ် ပြန်လည်မွေးဖွားဖို့ လိုက်လံလမ်းပြ စောင့်ရှောက်ပေးရတဲ့ သရဲလေးပါ။ အဲဒီမှာတင် သူ့ဆီကို ယူရီဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတယ်။ သူ့ကို ပြန်ဝင်စားဖို့ခေါ်သွားမယ်ဆိုတော့ သူက သူ့မောင်လေးကို လိုက်ရှာချင်သေးတာမို့ နေဦးတဲ့ အဲဒါဆိုရင် ငါလည်း လိုက်ရှာပေးမယ်ဆိုပြီး နှစ်ယောက်သား တမလွန်ကမ္ဘာကြီးထဲမှာ အတူတူလိုက်လံရှာဖွေရင်း ဂူဒိုလေးတစ်ယောက်လည်း ချစ်စရာခင်မင်စရာ ယူရီနဲ့ ရင်းနှီးသွားရင်း လူသားခံစားချက်တွေကို သိရှိလာပါတော့တယ်။ အဲဒီအချိန် လူ့လောကကြီးမှာလည်း ပန်းမြို့တော်မှာ ဘုရင့်သမီးလေးဖြစ်တဲ့ ဂိုရန်ဟာ ခမည်းတော်က စစ်ပွဲမှာ နတ်ရွာစံသွားတော့ ဝမ်းနည်းပူဆွေးနေရတဲ့အပြင် ကျိန်စာသင့်မင်းသမီးလေးဆိုပြီး ပြည်သူတွေက ဝိုင်းကျဉ်ထားတော့ နာကျင်စွာနဲ့ ခမည်းတော်ရဲ့သေဆုံးမှု အဖြစ်မှန်ကို အင်မတန်သိချင်နေတဲ့အချိန် သရဲကလေး ဂူဒိုက ရောက်ရှိလာပြီး သိချင်ရင် အတိတ်ကို ပြန်သွားပြီး ပြပေးမယ်ဆိုပြီး ခေါ်ပြရာကနေ.....။ တမလွန်ကမ္ဘာမှာ ဂူဒိုနဲ့ ယူရီတို့ လိုက်ရှာဖွေနေကြတာက ဘာတွေဆက်ဖြစ်သွားလဲ၊ ဒီဖက်လူလောကမှာ ဂူဒိုက ဘာလို့ မင်းသမီးလေး ဂိုရန်ဆီကို ရောက်နေရတာလဲ စသဖြင့် ပြသထားပြီး နောက်ပိုင်း တဖြည်းဖြည်းမှ ဇာတ်ကို ရုပ်လုံးပေါ်အောင် ဖော်ပြသွားပေးမယ့် Anime ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။
ဟောင်ကောင် Anime ကားလေးဆိုပေမဲ့ ဂျပန်တွေလောက်နီးပါး ကောင်းကောင်းဆွဲပြီး ဖန်တီးထားတဲ့ လက်ရာမွန်လေးပါ။ တစ်ခုတော့သတိပေးချင်ပါတယ် ဒီ Anime ကားလေးက Animation ရုပ်ရှင်လေးဆိုပေမဲ့ ပျော်ရွှင်ကြည်နူးစရာတွေကို ဖော်ကျူးပေးထားတဲ့အစား လူ့သဘောသဘာဝတွေရဲ့ ခါးသီးရက်စက်တဲ့ အမှန်တရားတွေ သေခြင်းတရားတွေကို ဦးစားပေးပြထားတာမို့ ကြည့်ရတာ နည်းနည်းတော့ Dark ဖြစ်တဲ့ဖက်ကို သွားပါတယ်။ ကဲ ကြည့်ရှုခံစား အားပေးလိုက်ကြပါဦးဗျာ...။

ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ။

ကြည့်မရသည့် ဆာဗာများရှိပါက တခြားဆာဗာပြောင်းကြည့်နိုင်ပါသည်။
No Server Name File Size Resolution
1 Yoteshin 3 GB 1080
2 Megaup 3 GB 1080
3 Gdtot 3 GB 1080
4 Usersdrive 3 GB 1080
5 Yoteshin 2 GB 720
6 Gdtot 2 GB 720
7 Megaup 2 GB 720
8 Usersdrive 2 GB 720
9 Telegram 2 GB 720

Post a Comment

provided by DK technozone
ဟာ...သွားပါပြီကွာ!
အင်တာနတ်ကြီးကျသွားပြီကွာ၊ မင်းတို့ကမဟုတ်တော့ဘူး၊ တကယ်ကဒီလိုပါ " လိုင်းကျနေတယ် လူကြီးမင်း"