|
| Hai Jawani Toh Ishq Hona Hai (2026) |
Hai Jawani Toh Ishq Hona Hai (2026), ချစ်ချင်းရဲ့ အစွန်းနှစ်ဖက်
မင်းသား ဗာရွန်နဲ့ အတူ နာမည်ကြီးမင်းသမီးချောတွေဖြစ်ကြတဲ့ ထာကူးရ်တို့ ပူဂျာဟက်တို့ပါဝင်ထားတဲ့
ရုံတင် ဟာသဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင်ကို ဒါရိုက်တာ ဒေးဗစ်ဒါဝန် ရိုက်ကူးပြီး ရယ်စရာ ဇာတ်ကွက်တွေနဲ့အတူ
ထာကူးရ်နဲ့ ပူဂျာတို့ရဲ့ ငွားငွားစွင့်စွင့်အလှတွေကိုလည်း မြင်တွေ့ခံစားကြရမှာပါ။
မင်းသားဖြစ်သူ ဂျက်စ်နဲ့ ဘာနီတို့ဟာချစ်လို့လက်ထပ်ခဲ့ကြတဲ့ လင်မယားတွေပါ။
ဒါပေမဲ့ အိမ်ထောင်သက် ၅ နှစ်အထိ ဘာနီက ဂျက်စ်ကို အနားကပ်မခံသလို ကလေးလဲမယူချင်တဲ့အတွက်
သူတို့နှစ်ယောက် ခွာပြဲဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုခွဲနေပေမဲ့ တရားဝင်မကွာရှင်းရသေးတဲ့အချိန်မှာ
ဂျက်စ်ဟာ ပရိသ်ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ ရေစက်ထပ်ဆုံပြန်ပါတယ်။
အဲဒီလို ပရိသ်နဲ့အဆင်ပြေနေတုန်းမှာ ဘာနီပြန်ရောက်လာပြီး အလှည့်အပြောင်းတခုနဲ့ ကြုံလိုက်ရချိန်မှာတော့
ဂျက်စ်တစ်ယောက် မိန်းမလှနှစ်ယောက်ကြား ဗျာများရတက်ပွေရပုံတွေကို ဟာသနှောတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။
