|
| Love Oh Love (2026) |
Love Oh Love (2026), အိုအချစ်
ရာ့ဂ်ဂူးဟာ သာမန်ရုံးဝန်ထမ်း လူငယ်တစ်ယောက်ဖြစ်ပြီး
အာဗန်သီကာဆိုတဲ့ ကောင်မလေးကို အသည်းအသန် ချစ်မိသွားခဲ့ပါတယ်။
ရာ့ဂ်ဂူးရဲ့ ဇွဲလုံ့လကြောင့် သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြပေမဲ့
အာဗန်သီကာဟာ အသုံးအဖြုန်းကြီးပြီး ရာ့ဂ်ဂူးအပေါ်လည်း အင်မတန်နိုင်စားပါတယ်။
ရာ့ဂ်ဂူးကတော့ ချစ်သူစိတ်ချမ်းသာဖို့အတွက် ခရက်ဒစ်ကတ်တွေ ပြန်မဆပ်နိုင်တဲ့ထိသုံး၊
ချေးငွေတွေယူ၊ အကြွေးနွံထဲနစ်ပြီး နောက်ဆုံးမှာ အလုပ်ပြုတ်၊ မိသားစုနဲ့ပါ
ပြဿနာတက်တဲ့အထိ ဖြစ်လာခဲ့ရပါတယ်။
ဒီပြဿနာတွေကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ ရာ့ဂ်ဂူးဟာ ရဲစခန်းကို သွားပြီး
သူရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေကို ရင်ဖွင့်တိုင်တန်းတာကြောင့် အာဗန်သီကာပါ
ရဲစခန်းကို ရောက်လာပြီး အပေးအယူတစ်ခုလုပ်ခဲ့ကြပါတယ်။
အဲဒီအပေးအယူကြောင့် သူတို့နှစ်ယောက် အခန်းကဏ္ဍချင်း ပြောင်းလဲသွားတဲ့အခါ
နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်မလဲ၊ အချစ်နဲ့ တာဝန်ယူမှုကြားမှာ ဘယ်လို
သင်ခန်းစာတွေ ရသွားကြမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
