|
| Midas Man (2025) |
Midas Man (2025)
IMDb Rating (6.4) / Rotten Tomatoes (83%)
မိုက်ဒက်စ်မန်းဆိုတာ ကမ္ဘာကျော် Beatles အဖွဲ့ကိုစုစည်းခဲ့တဲ့ ဂန္ထဝင်မန်နေဂျာကြီး Brian Epstein ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဗြိတိန် Biographical / Music ရုပ်ရှင်တစ်ကားပါ။
ကမ္ဘာကျော် The Beatles အဖွဲ့အကြောင်း လူအများသိကြပေမဲ့... သူတို့ကို အဝတ်အစား၊ ဆံပင်စတိုင်ကစလို့ ကမ္ဘာ့စူပါစတားဖြစ်အောင် နောက်ကွယ်ကနေ ပုံဖော်ပေးခဲ့တဲ့ "၅ ယောက်မြောက် Beatle လို့တင်စားခံရသူ Brian Epstein ရဲ့ ဇာတ်ကြောင်းကို အဓိကထား ရိုက်ပြထားလို့ ဂီတချစ်သူတွေအတွက် အထူးကြည့်သင့်ပါတယ်။ Queen's Gambit စီးရီးနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Jacob Fortune-Lloyd မန်နေဂျာ Brian Epstein အဖြစ်ပါဝင်ထားပြီး Oscar မင်းသမီး Emily Watson တို့လည်း ပါဝင်ထားပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက လစ်ဗာပူးလ်မြို့မှာ မိသားစုပိုင် ဓာတ်ပြားစတိုးဆိုင် (NEMS) ကို ဦးစီးလုပ်ကိုင်နေတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် "ဘရိုင်ယန် အက်ပ်စတိန်း" အကြောင်းကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူဟာ မြေအောက် Cavern Club မှာ ဖျော်ဖြေနေကြတဲ့ နာမည်မရှိသေးတဲ့ လူငယ်လေးဦးပါ "The Beatles" ဆိုတဲ့ ဂီတအဖွဲ့ကို မထင်မှတ်ဘဲ မြင်တွေ့သွားခဲ့ပါတယ်။
ဂီတလောကမှာ အတွေ့အကြုံ မရှိသေးသော်လည်း ဘရိုင်ယန်ဟာ ထိုကောင်လေးတွေရဲ့ ပါရမီနဲ့ အရည်အချင်းကို ချက်ချင်းရိပ်မိသွားခဲ့ပြီး... သူတို့ရဲ့ မန်နေဂျာအဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်.. The Beatles လို့ဖြစ်လာအောင် အဝတ်အစားအပြင်အဆင်ကအစ စတူဒီယိုတွေအထိ ကြိုးစားပေးခဲ့တဲ့ ဘရိုင်ရန်ကြောင့် The Beatlesဟာ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေမယ့် ဂီတအဖွဲ့ကြီး ဖြစ်လာခဲ့ပါတော့တယ်။
သူ့ကို "ရွှေလက်ဆန်းတဲ့ မိုက်ဒက်စ်မန်း" (Midas Man) လို့ တင်စားခံရပြီး စီးပွားရေးအရ အလွန်အောင်မြင်နေပေမဲ့... နောက်ကွယ်မှာတော့ ထိုခေတ်က အသိုင်းအဝိုင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေ အချစ်ရေးဒဏ်ရာများနဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှုတွေကြားထဲမှာ ဘရိုင်ယန်တစ်ယောက် ဘယ်လိုမျိုး ရုန်းကန်ခဲ့ရသလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
