|
| Rao Bahadur (2026) |
Rao Bahadur (2026)
IMDb Rating (8.7) / Rotten Tomatoes (73%)
ဒီဇာတ်ကားက Venkatesh Maha မှ ဇာတ်ညွှန်းရေးသား၊ ဒါရိုက်တာပြုလုပ်ပြီး တည်းဖြတ်ထားတဲ့၂၀၂၆ ခုနှစ်ထွက် အိန္ဒိယ တေလူဂူးဘာသာစကားသုံး Psychological Dramaရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ မင်းသားကြီးSatyadev က Rao Bahadur နေရာက ပါဝင်သရုပ်ဆောင်ထားပြီး Vikas Muppala နှင့် Deepa Thomas တို့လည်း အဓိကဇာတ်ရုပ်များအဖြစ် ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းကတော့...
ရာမူဒူး ဟာ ရှေးဟောင်းစံအိမ်ကြီး ထဲကရောဂါသည် ဖြစ်နေပြီဖြစ်တဲ့ မင်းစိုးရာဇာမျိုးရိုးဆင်းသက်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို စားသုံးနေတာက ကင်ဆာရောဂါထက် ကွယ်လွန်သွားပြီဖြစ်တဲ့ သားငယ် ကူဆူမာ ဟာ သူ့ရဲ့ ရင်သွေးအရင်း မဟုတ်ဘူး ဆိုတဲ့ ပြင်းထန်တဲ့ သံသယနဲ့ စိတ်စွဲလန်းမှုပဲ ဖြစ်ပါတယ်။
အတိတ်က ရာမူဒူး ဟာ တိုးတက်တဲ့ အတွေးအခေါ်ရှိတဲ့ လူငယ်တစ်ဦး ဖြစ်ခဲ့ပေမဲ့ ဘိုးဘေးတွေရဲ့ မျိုးရိုးနဲ့ အစဉ်အလာစွဲကို ထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်ဝိညာဉ်ဆိုင်ရာ ရိုက်သွင်းမှုတွေကြောင့် မျိုးရိုးသွေးသန့်ရေးကို အစွဲအလမ်းကြီးသူ ဖြစ်လာခဲ့ပါတယ်။
သားငယ် ကူဆူမာ မွေးဖွားလာချိန်မှာ အသားအရောင်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အတင်းအဖျင်း သတင်းတွေကြောင့် ရာမူဒူးရဲ့ သံသယတွေ ကြီးထွားလာခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ၊ နှိပ်စက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စိတ္တဇဆန်တဲ့ သံသယတွေကြောင့်ပဲ သားဖြစ်သူ ေ-သကြောင်းကြံစည်ခဲ့ရသလို၊ ဇနီးဖြစ်သူ ရေနူကာ ကလည်း အမှောင်ခန်းထဲမှာ သီးခြားခွဲနေထိုင်ခဲ့ရပြီး အိမ်ထောင်စုတစ်ခုလုံး ပျက်စီးသွားခဲ့ရတဲ့အခါမှာတော့.....။
